Building Social Cohesion through Love and Understanding
၂၀၂၄ ခုနှစ်တွင် တောင်ကြီး၊ အေးသာယာ၊ ညောင်ရွှေနှင့် ရွှေညောင်မြို့နယ်များမှ လူထုခေါင်းဆောင်များနှင့် ဘာသာရေးအကြီးအကဲများကို ဖိတ်ကြားကာ အလုပ်ရုံဆွေးနွေးပွဲမှတဆင့် Social Cohesion ကို ဦးတည်သည့် "Spectrum Diversity Network" ကို စတင်ခဲ့ပါသည်။
ကျွန်ုပ်တို့သည် လူမှုသဟဇာတဖြစ်ရေးကို အဓိကရည်ရွယ်ပြီး အမုန်းစကားလျော့ပါးရေး၊ အသိပညာပေးခြင်းနှင့် ငြိမ်းချမ်းသော စကားဝိုင်းများ ဖန်တီးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။
"ကျွန်ုပ်တို့သည် အလွှာမျိုးစုံပါဝင်တဲ့ လူမျိုးစုံ ဘာသာစုံပါဝင်တဲ့ ငြိမ်းချမ်းရေးမြတ်နိုးသူတွေပါ ပိုမိုငြိမ်းချမ်းသော အွန်လိုင်းအသိုင်းအဝိုင်းတစ်ခုဖြစ်လာစေရန်နှင့် မတူကွဲပြားမှုများအကြား သဟဇာတဖြစ်ဖို့ လုပ်ဆောင်နေကြသူများ ဖြစ်ပါသည်။"
ကျွန်ုပ်တို့၏ အဓိကရည်ရွယ်ချက်များ
အပြန်အလှန် သည်းခံစိတ်၊ လေးစားမှုနှင့် နားလည်မှုများ ပိုမိုခိုင်မာ တိုးပွားလာစေရန်
လူထုအသိုက်အဝန်းကြား ယုံကြည်မှုနှင့် ပိုမိုကောင်းမွန်သော ဆက်ဆံရေးများ တည်ဆောက်ရန်
လူမှုသဟဇာတဖြစ်ရေး လုပ်ငန်းစဉ်များတွင် အားလုံးတက်ကြွစွာ အတူတကွ လက်တွဲဆောင်ရွက်ရန်
အခြေခံပြဿနာများကို ဖော်ထုတ်ပြီး ခွဲခြားဆက်ဆံမှုများ လျော့ပါးပပျောက်သွားစေရန်
(လုပ်ငန်းစဉ်များ)
လွတ်လပ်စွာကိုးကွယ်မှု၊ မတူကွဲပြားမှုနှင့် ဂျန်ဒါရေးရာများကို သုတေသနပြုပြီး၊ မတူညီသော ယဉ်ကျေးမှုနှင့် တန်ဖိုးထားမှုများအပေါ် အမြင်ဖွင့်ပေးခြင်းဖြင့် အပြန်အလှန် သည်းခံလေးစားမှုများ မြင့်တင်ရန်
ဒေသထွက် အစားအသောက်ပြပွဲများ ကျင်းပခြင်းနှင့် မတူညီသော ဘာသာတရား၊ ယဉ်ကျေးမှုဆိုင်ရာ အထိမ်းအမှတ် လက်ဆောင်ပစ္စည်းများကို ရောင်းချခြင်းဖြင့် လူမှုအကျိုးပြု လုပ်ငန်းများအတွက် ရံပုံငွေများ ရှာဖွေမြင့်တင်ရန်
ဘာသာရေးအဆောက်အအုံများတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ လုပ်ဆောင်ခြင်းနှင့် သဘာဝဘေးဒဏ်သင့် လူ့အဖွဲ့အစည်းများအတွက် လိုအပ်သော အရေးပေါ်ထောက်ပံ့မှုများကို အားလုံးတက်ကြွစွာ ပါဝင်ကူညီ ဆောင်ရွက်ရန်
Spectrum Diversity Network သည် အောက်ပါမြို့နယ်များတွင် လှုပ်ရှားဆောင်ရွက်လျက်ရှိသည်
ငြိမ်းချမ်းရေးနှင့် လူမှုသဟဇာတဖြစ်ရေးအတွက် ကျွန်ုပ်တို့နှင့် အတူပါဝင်ခွင့်ရှိသည်
လူမှုသဟဇာတဖြစ်ရေးအတွက် လုပ်ငန်းစဉ်များသည် သင့်ကဲ့သို့သော ငြိမ်းချမ်းရေးစိတ်ဝင်စားသူ အကူအညီဖြစ်စတင်နိုင်သည်
Sign in to your account
Don't have an account?
Join our community today
Already have an account?
Your account is pending admin approval. You will receive full access once approved.
Loading...
Loading...
0
0
0
Built-in tools for members (opens in same site).
Read the latest posts from members. Write your own stories, share videos, and discuss.
Tip: paste from Google Docs/Word safely — styling will be cleaned automatically.